မိုင်းရှူး စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း ပေးခြင်းကို ယနေ့ နံနက်(၁၁)နာရီက မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ယင်းသို့ စာအုပ်/စာစောင်များငှားရမ်းပေးရာတွင် စာဖတ်ရှိန်မြှင့်တင်စေရန်၊ စာဖတ်သူ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်သို့ကိုယ်တိုင် မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရုံး/ဌာနဆိုင်ရာများ၊ ကျောင်းများသို့သွားရောက်၍ သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်(၈၃)အုပ် ငှားရမ်းပေးပြီး အပတ်စဉ်စာအုပ် အသစ်များ သွားရောက် လဲလှယ်ပေးလျက်ရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)