ဗန်းမော် စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာများကို မေးမြန်းဆွေးနွေးခဲ့ရာ ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ညိုဇင်မာဝင်းက အိုဇုန်းလွှာ၏ အဓိပ္ပာယ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာရခြင်း အကြောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး သက်ရှိတွေ ကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” အကြောင်း၊ အိုဇုန်းလွှာစာချုပ် ၏ ရည်ရွယ်ချက်များအကြောင်း၊ အိုဇုန်းလွှာအကျိုးပြုပုံအကြောင်း၊ အိုဇုန်းလွှာပေါက်ခြင်းနှင့် အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများ၊ အိုဇုန်းလွှာ ပျက်စီးမှုကြောင့် ခရမ်းလွန်ရောင်ခြည်လှိုင်း ကမ္ဘာ့မြေပြင် ပေါ် ကျရောက်သည့်အခါ ထိခိုက်မှုများ၊ အိုဇုန်းလွှာပျက်စီးခြင်း၏ အကျိုးဆက်များ၊ အိုဇုန်းလွှာကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီစာချုပ်များနှင့် ပြင်ဆင်ချက်များအကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရမည့်နည်းလမ်းအကြောင်းတို့ ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးမှုများကို အများပြည်သူသိရှိနိုင်စေရန် အွန်လိုင်းမှတဆင့် လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)