အထက်မင်းလှ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများအဖွဲ့မှ ယနေ့နံနက် ၇ နာရီက မင်းလှမြို့အဝင်တြိဂံလမ်းဆုံတွင် ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေ ပေးခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မုဒိတာပရဟိတအသင်းအဖွဲ့တို့မှ မင်းဘူး-မင်းလှ လမ်းရှိ မြို့အဝင်တြိဂံလမ်းဆုံတွင် ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ်လာသည့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြစေရန်၊ နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံကြရန်တို့ကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ပြီး၊ နှာခေါင်းစည်း Mask များကို ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)