ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများအား ဈေးနှုန်းချိုသာစွာ ဖြင့်ရောင်းချ

ဘိုကလေး စက်တင်ဘာ ၁၉

ပြည်သူများ၏ စားဝတ်နေရေး သက်သာချောင်ချိစေရေးအတွက် ယနေ့ နံနက်(၇)နာရီတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁၈)လမ်းမ ဈေးအနီးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခြံထွက်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ (၁၄)မျိုးအား စားသုံးသူများထံအရောက် ကွင်းဆင်း၍ ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

ရောင်းချပေးရာတွင် တိုင်တောင်ပဲသီး၊ ပဲလင်းမြွေသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ဂေါ်ရခါးသီး၊ ဘူးသီး၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဆလပ်တွန့်၊ ဆလပ်ရွက်တို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများမှ သုံးဘီးယာဉ်(၁)စီးစာ ရောင်းချပေးခဲ့ကြောင်းနှင့် ရောင်းချနေမှုများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့မှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)