နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်း ရောဂါများ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

နမ့်ခမ်း စက်တင်ဘာ  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အား ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါများ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ခြင်းကို ယနေ့နံနက်()နာရီအချိန် နမ့်ခမ်းမြို့၊ စည်ပင်သာယာမြို့မဈေး၌ နှာခေါင်းစည်း(Mask) အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်း ရောဂါများ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးကို ယနေ့နံနက် ()နာရီအချိန်က ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ပြန်လည်တိုးပွားလာသည့်အတွက် နမ့်ခမ်းမြို့၊ စည်ပင် သာယာမြို့မဈေး အတွင်း/အပြင်၌ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအနေဖြင့် နှာခေါင်းစည်း (Mask)တပ်ဆင်ပြီး အရောင်းအဝယ်ပြုလုပ်ကြရန်၊ ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များ တိကျလိုက်နာဆောင်ရွက်ရန် လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသူများအား တပ်ဆင်နိုင်ရေး နှာခေါင်းစည်း(Mask) အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါများ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းနှင့် NMBG လူမှုကူညီရေးအသင်းတို့က နေ့စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)