မြိတ်ခရိုင် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် (၄၅) နှစ်အထက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပလျက်ရှိသည့် မြိတ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် (၄၅) နှစ်အထက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ သတ်မှတ်နေရာများတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/ အလုပ်ရုံများ ဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ပြည်နယ်ဒုတိယ အထွထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမျိုးစုံ ၈၆၄ ဧက စိုက်ပျိုးပြီးဖြစ် ဒေသတွင်းစားသုံးနိုင်ရေးနှင့် ဆီစားသုံးမှုဖူလုံစေရေး အထောက်အကူပြုနိုင်ရန် အထွက်နှုန်းကောင်းသည့် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရန်နှင့် ဆီစားသုံးမှုဖူလုံစေရေး အထောက်အကူပြုနိုင်ရန် ဆီထွက်သီးနှံများစိုက်ပျိုးလျက်ရှိရာ လက်ရှိအချိန်ထိ ၈၆၄ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်းနှင့် ဒေသတွင်းစားသုံးနိုင်ရေးနှင့် ဆီစားသုံးမှုဖူလုံစေရေးကို အထောက်အကူပြုနိုင်ရန် အထွက်နှုန်းကောင်းမွန်သည့် ဆီထွက်သီးနှံများပိုမိုစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာနှင့် စက်မှုစိုက်ပျိုးရေး၊ မွေးမြူရေး၊ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးခရီး ပို့ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဗဟုသုတများရရှိစေရန် ဝမ်အွယ်အခြေခံပညာနှင့် စက်မှုစိုက်ပျိုးရေး၊ မွေးမြူရေး၊ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ ၂၄ ရက်က ကျောင်းတွင်း ဘာသာရပ်များသင်ကြားမှုအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် ကျောင်းပြင်ပ ကွင်းဆင်းလေ့လာရေးခရီးကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြို့မဈေးအတွင်း လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မဈေးအတွင်း လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မဈေးတွင် ပြုလုပ်ခဲ့ကြသည်။

မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ကန်သာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဒေသစပ်မျိုး နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အ.ထ.က( ၁)ကန့်ဘလူ၌ ( ၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး လမ်းလယ်မျဉ်းရေးဆွဲခြင်းလုပ်ငန်းများ ပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး လမ်းလယ်မျဉ်ရေးဆွဲခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးစစ်ဆေး အသိပညာပေး ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှစ၍ ဆိပ်ကြီးအရှေ့ ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသည်။
Subscribe to