သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာစာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၂

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြန်မာစာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မြန်မာစာစွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန်နှင့် ဗလငါးတန်နှင့် ပြည်စုံကာ ပညာပြည့်ဝနှလုံးလှသော လူငယ်များဖြစ်အောင် ကြိုးစားစေလိုကြောင်း ပြောကြားပြီ မြန်မာစာစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါမြန်မာစာစွမ်းရည်ပြိုင်ပွဲတွင် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ