သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဥ်း၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

သုံးခွ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ် (၁၈) ​ပြည်တော်အေးလမ်း (၁၁) ရပ်ကွက်ရှိ T& k Fancy world myanmar အီလက်ထရောနစ်ပစ္စည်းများကို Online Sale ရောင်းချသည့်‌နေအိမ်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ ခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်က online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဥ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက် (၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဥ်က တင်ပြထားသည့် လုပ်ငန်းတည်ရှိရာတွင် ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဥ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ ၊online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သက်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေး‌ပြောကြားကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အပတ်စဥ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)