ကိုကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများ ပြုလုပ်

ကိုကိုးကျွန်း ဒီဇင်ဘာ ၁၂

ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများကို ယမန်နေ့ ညနေ () နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြင့်သူမှ ပြိုင်ပွဲပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကလေးများအား စာဖတ်ပြခြင်း၊ ကဗျာရွတ်ပြခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ဖို့ ဂိမ်းကစားခြင်းများ ပြုလုပ်ပေးရာ ကိုကိုးကျွန်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဖြင့် ကစားခဲ့ကြကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်အသိပညာပေးပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေး‌ရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)