ကိုကိုးကျွန်း ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းကုန်စျေးနှုန်းတည်ငြိမ်စေရေးနှင့် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ထိန်းချုပ်ရေးကော်မတီမှ သတ်မှတ်ပေးထားသော နှုန်းထားများအတိုင်း ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်၌ ပုံမှန်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ကုလားပဲနှင့် သကြားစျေးနှုန်းများအား လူတိုင်းနေ့စဉ်စားသောက်နေသည့် ထမင်း၊ ဟင်းများကို နေ့စဉ်ချက်ပြုတ်စားသောက်ရာတွင် အခြေခံစားသောက်ကုန်များသည် အရေးပါသောကြောင့် အခြေခံစားသောက်ကုန် စျေးနှုန်းများတည်ငြိမ်ရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းများ မြှင့်တင်မှုမရှိစေရေးနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစွာနှင့် လွယ်ကူစွာ စားသောက်နိုင်ရေးတို့ကို စေတနာထားရောင်းချသွားကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကိုကိုးကျွန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးပြည့်ဖြိုးမောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)