ချမ်းအေးသာစံမြို့နယ် အမှတ်(၂၇)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်
မီးဘေးအန္တရာယ်ကျရောက်မှုများ မဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများ သိရှိလိုက်နာကြစေရန်အတွက် ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညီထွေးဦးက ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြခြင်းများကို အမှတ်( ၂၇)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။