တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မဲရုံဖွင့်လှစ်မည့်နေရာများအနီးရှိ လူနေအိမ်များ၊ ကုန်စုံဆိုင်နှင့် စားသောက်ဆိုင်များအား မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး

တောင်တွင်းကြီး ဒီဇင်ဘာ ၁၂

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့် မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် ယနေ့နေ့နက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှူဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံဖွင့်လှစ်မည့်နေရာများအနီးရှိ လူနေအိမ်များ၊ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်လိုက်လံစစ်ဆေးခြင်းကို လက်ထောက်ဦးစီးမှူးဦးဝေယံဖြိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၄) ဦးတို့က မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးဘေးလုံခြုံရေးပစ္စည်းများ ကောင်းမွန်မှုရှိ/ မရှိစစ်ဆေးခြင်းများ၊ မဲရုံများအား မီးဘေးအန္တရာယ်နှင့် အခြားသောမတော်တဆမှုများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန်တုံပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)