ရွှေသောင်ယံမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓါတ်အားသုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူသို့ အသိပေးပန်ကြားချက်ပိုစတာများကို ထင်သာမြင်သာရှိသောနေရာများတွင် လိုက်လံကပ်နှံ
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်ပိုင်းက ရွှေသောင်ယံမြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓါတ်အားသုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူသို့အသိပေးပန်ကြားချက် ဗီနိုင်းပိုစတာများကို လူအများထင်သာမြင်သာရှိသောနေရာများတွင် လိုက်လံကပ်နှံရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် လာရောက်ကပ်နှံခဲ့ကြောင်းသိရသည်။