ကသာမြို့ အခြေခံပညာကျောင်းအသီးသီးတို့တွင် ပညာရေးစုံညီပွဲတော်များကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အခြေခံပညာကျောင်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်များကို ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင်လည်းကောင်း၊ နံနက် (၁၀) နာရီအချိန်တွင် အ.ထ.က(ခွဲ) လ(၁)ကျောင်းတို့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။