ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့ဦးစေတီတွင် ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သန့်ရှင်းရေးကုသိုလ်ပြုဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ဆိပ်ကြီးအရှေ့ရပ်ကွက် စလင်းကျောင်းတိုက်အတွင်းရှိ သဗ္ဗသိဒ္ဓိရှင်မြို့ဦးစေတီတော်တွင် ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သန့်ရှင်းရေးကုသိုလ်ပြု ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ မြို့ဦးစေတီတော်ရင်ပြင်တွင် ဘုရားပန်းများလဲလှယ်ခြင်း၊ မေတ္တာသုတ်ပရိတ်တရားနှင့်ပဌာန်း တရားများ ရွတ်ဖတ်ပူဇော်ခြင်း၊ စေတီရင်ပြင်တော်တွင် တံမျက်စည်းလှည်းခြင်းတို့အား စုပေါင်း၍ ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ ဘုရားစေတီများတွင် ကုသိုလ်ပြုဆောင်ရွက်ခြင်းအပြင် မြို့နယ်အတွင်းကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် အခြားလူမှုကူညီရေးလုပ်ငန်းများတွင် မြို့နယ်ဌာနဆိုင်ရာ များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)