မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရေး၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် နိုင်ငံတော်၏ လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၁)ရပ်ကွက်ရှိ လောကတက္ကသိုလ်စာကြည့်တိုက် ဆောက်လုပ်နေမှု (၉၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။