သာပေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ များအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။