သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငှက်ပျောတောအထက်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်

သံတောင်ကြီး စက်တင်ဘာ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းပြောင်းလဲ ဆောင်ရွက်ခွင့်ရသည့် ငှက်ပျောတောအထက်ကျေးရွာသို့ ယနေ့နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအကြောင်း အရာများ မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊ စာရင်းထိန်းသိမ်းနည်း ပုံစံများနှင့် လိုအပ်သည့် သင်တန်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ