နမ့်ဆန် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများအား mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေးအသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို ယနေ့နံနက်(၉)နာရီအချိန်က နမ္မဝေါရပ်ကွက်၊ ရုံးပေါင်းစုံလမ်းထိပ်တွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲသူနာပြုတပ်ဖွဲ့မှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်မံမဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ မြို့တွင်းသွားလာနေကြသော မိဘပြည်သူ(၃၀၀)ခန့်အား Mask နှာခေါင်းစည်းများဝေငှခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်