အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး ဆက်လက်ထိုးနှံပေး

ရန်ကုန်အနောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အလုံမြို့နယ် ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၌ သံဃာတော်များနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မန်တုံမြို့တွင် (Mask)များ အခမဲ့ ဝေငှ၍ ကျန်းမာရေးအသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး အသိပညာပေးခြင်းနှင့် (Mask)များ စနစ်တကျ တပ်ဆင်နိုင်ရေးအတွက် ယနေ့နံနက် (၈)နာရီအချိန်က ပြည်သူများ အများဆုံး သွားလာရာနေရာများတွင် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ရင်းဘိုင်းကျေးရွာအုပ်စုရှိ အသက်(၈၅)နှစ်အထက်  သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနနက်ပိုင်းတွင် ရင်းဘိုင်း ကျေးရွာအုပ်စု အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မောရဝတီရပ်ကွက် အေးသာယာကုန်း ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်း၌ ယနေ့ နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ကျောက်ဖြူမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း အဆိုပြုတင်ပြရေးညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းအဆိုပြုတင်ပြခြင်း အခမ်းအနားကို  ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမတွင် ပြုလုပ်သည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေး ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသူ/ ကျောင်းသားများ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကို  ယမန်နေ့နံနက်ပိုင်းက ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre )၌ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် T-Shirt နှင့် ( Mask) နှာခေါင်းစည်းများ ဖြန့်ဝေခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် YRTC မှ ရန်ကုန်မြို့အတွင်း ခရီးသွားပြည်သူများ သွားလာမှု အများဆုံးနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် ယမန်နေ့နံနက်(၁၁)နာရီက ကျောက်တံတားမြို့နယ်၏ လူစည်ကားရာ နေရာများဖြစ်သည့် ဘတ်စ်ကားမှတ်တိုင်များတွင် YBS ယာဉ်မောင်းများကို T-Shirt ဝေငှခြင်းနှင့် ခရီးသွားပြည်သူများကို (Mask) နှာခေါင်းစည်းများ ဝေငှခဲ့ကြောင်း သိရသည်။
Subscribe to