ငါ့သရောက်မြို့ (Community Centre) ခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး ဆွေးနွေး

ငါ့သရောက် စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် အငယ်တန်းစာရေး ဒေါ်မာမာခိုင်တို့မှ သွေးလွန်တုပ်ကွေးရောဂါ နှင့်ပတ်သက်သည့် လုပ် ဆောင်ရမည့် အကြောင်းအရာများကို ပြည်သူများသိရှိစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမှ သွေးလွန်တုပ်ကွေးရောဂါပိုးသယ်ဆောင်လာသည့် (Aedes) ခြင်ကျား အကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ  နွေ၊ မိုး၊ ဆောင်းရာသီ သုံးခုလုံးဖြစ်ပွားတက်သော်လည်း မိုးရာသီမှာတော့ အများဆုံးဖြစ်ပါတယ်။ ခြင်ကျားဟာ ရေကြည်ရေသနိ့မှာ ပေါက်ဖွားတယ်။ အိမ်းအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ ရေသိုလှောင်ကန်၊ ကျောက် စည်ပိုင်း၊ ဘုရားပန်းအိုး၊ ရေတင်နိုင်တဲ့ နေရာတွေမှန်သမျှ ပေါက်ဖွားနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကို အသက် (၁၅) နှစ် အောက် အရွယ်တွေမှာ အဖြစ်များပါတယ်။ ယခုနောက်ပိုင်း တောရော၊ မြို့ပါ ကူးစက်နှုန်း အနည်းငယ်များလာတဲ့အတွက် ကျား/မ မရွေး၊ အသက် အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေကတော့ ရုတ်တရက် ဖျားခြင်း၊ ပျို့အန်ခြင်း၊ အစား အသောက်ပျက်ခြင်း၊ အဖျားကျပြီးသွားရင်လည်း ခြေလက်တွေအေးစက်ခြင်း၊ ဝမ်းမည်းခြင်း၊နှာခေါင်းသွေးယိုခြင်း၊ ခန္ဓာကိုယ်ပေါ်မှာ အနီအစက်ပျောက်များဖြစ်ပေါ်ခြင်း၊ သတိလစ်ခြင်း ဆေးရုံရောက်နောက်ကျရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ သွေးလွန်တုပ် ကွေးရောဂါနှင့်ပက်သက်၍ ဆောင်ရွက်ရမည့် အကြောင်းအရာတွေကတော့ ရပ်ကွက်၊ ကျေးရွာအလိုက် ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ကြရပါမည်။ ပြည်သူ လူထုကို ကျန်းမားရေးအသိပညာများ ဟောပြောပေးရမယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တဲ့လူနာရဲ့ မိတာ (၃၀၀) ပတ်ဝန်ကျင်ကို ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း စသည် တို့ကိုပြုလုပ်ပေးခြင်းဖြင့် ပိုးလောက်လန်းများကိုသေးစေနိုင်ပါတယ်။ အဲဒီပတ်ဝန်ကျင်က ကလေးများဖျားသလား၊ ကူးစက်မှုရှိသလားစစ်​ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်။ ယခင်က ကလေးတွေပဲ အဖြစ်များပြီး ယခုနောက်ပိုင်းမှာ ကလေး၊ လူကြီးမရွေးဖြစ်ပွားနိုင်ပါတယ် စသည်ဖြင့် ပထမဦးစွာ ဦးစွားဆွေးနွေးပြောကြားခဲ့ကြောင်သိရသည်။

ဒေါ်မာမာခိုင်မှလည်း သွေးလွန်တုပ်ကွေးရောဂါနှင့်ပက်သက်ပြီး ဖျားနာမှုရှိပါက (Paracet amol) တိုက်ခြင်း၊ ဓာတ်ဆားရည်တိုက်ခြင်း၊ သစ်သီးဖျောရည် တိုက်ခြင်းစသည်တို့ကို ပြုလုပ်ရမယ်။ ရောဂါဖြစ်များသည့် မိုးရာသီမှ မဟုတ်ဘဲနဲ့ နေ့စဥ်နှင့်အမျှ ရေသုံးအဆောင် ပစ္စည်းနှင့် ပိုးလောက်လန်း ဝင်စေနိုင်သည့်အရာများကို မထားဖို့မှာကြားချင်ပါတယ်။ ကာကွယ်ရေးလုပ်ငန်းများ လုပ်နေရင်းမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်လာခဲ့ရင် အနီးစပ်ရာ ဆေးရုံများသို့ နောက်မကျဘဲသွားဖို့၊  ကိုယ်သိတဲ့ အသိတွေကိုမသိသေးတဲ့ မိခင်များ၊ ပြည်သူ များကို တစ်ဆင့်ပြောဖို့၊  နားမလည်ခဲ့သည်ရှိသော် ကျန်းမားရေးဌာနများသို့ ဆက်သွယ်မေး မြန်နိုင်ကြောင်း စသည့်တိုကို ပြည်သူများသိရှိစေရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
P.W.A(ပြန်/ဆက်)