သာပေါင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မကျည်းကုန်းကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာ၊ တိုက်နယ်ဆေးရုံ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်တိုးမြင့်ကော်မတီအဖွဲ့နှင့် ဒေသခံတောင်သူ များ တွေ့ဆုံခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စိုက်တိုးမြင့်ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး ဦးသန့်ဇင်နှင့် အဖွဲ့ဝင်တို့က ကျေးအုပ်ချုပ်ရေးမှူးနှင့် တောင်သူများအား တွေ့ဆုံ၍ မိုးစပါး စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေ၊ မိုးစပါးရိတ်သိမ်းပြီးနောက် ဆောင်းသီးနှံ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး၊ ၂၀၂၂-၂၀၂၃ ဆောင်းနေကြာ လျာထားစိုက်ပျိုးနိုင်ရေး လိုအပ်ချက်များအား ဆွေးနွေးစည်းရုံးပြောကြားခြင်း အသိပညာပေးခြင်း၊ သဘာ ဝမြေသြဇာ ဗေဒါအီးအမ်ဘိုကာရှီ ပြုလုပ်နည်းပညာ ရှင်းလင်းပြောကြားခြင်း၊ စနေနေ့တိုင်း သန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ ဆိုက်ကယ်စီးနင်းပါက ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရေး သတ်မှတ်မိုင်နှုန်းအတိုင်း မောင်နင်ရေး၊ မြေယာနှင့် ပတ်သက်၍ ပုံစံ(၇) အမည်ပြောင်းရန် အတွက် လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး၊ ရောဂါ ဖြစ်ပွားမှုထပ်မံဖြစ်နေသဖြင့် ကာကွယ်ရေး Mask တပ်ဆင်ရေး ကွင်းဆင်းစည်းရုံး အသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း