မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပုံတူပန်းချီပြိုင်ပွဲကျင်းပ

မိုင်းလုံ စက်တင်ဘာ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌  ပုံတူပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

ပုံတူပန်းချီပြိုင်ပွဲတွင် ကလေးငယ်များကို ပုံတူစာရွက်များပေး၍ ရေးဆွဲစေပြီး မိမိကြိုက်နှစ်သက်ရာ အရောင်များကိုဆေးခြယ်ခြင်းဖြစ်ရာ ယခုလိုဆောင်ရွက်‌ပေးခြင်းသည် ကလေးများ၏ စိတ်ကိုပျော်ရွင်စေရန်၊ ပန်းချီကိုဝါသနာပါစေရန်၊ သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံရေးအဆင်ပြေစေရန်၊   စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာအသုံးပြုစေရန်ရည်ရွယ်၍  ဆောင်ရွက်ရခြင်းဖြစ်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စုစုဝင်းက ကလေးငယ်များကို ဗဟုသုတရရှိစေရန် မည်သို့သောစာအုပ်များကို‌‌ ရွေးချယ်ဖတ်ရမည့် အကြောင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။  

အဆိုပါ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၅)ဦး ပါ၀င်ယှဉ်ပြိုင်ကာ  ပြိုင်ပွဲ၀င်ကလေးအားလုံးကို အမှတ်တရလက်ဆောင်စာအုပ်များ‌ ပေးအပ်ပြီး မုန့်နှင့်အချိုရည်များ တိုက်‌‌ကျွေးခဲ့ကြောင်း သိရသည်။   

ဇော်ဇော်(ပြန်/ဆက်)