ကျုံပျော်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား(၁၃၁၃)ဦးအတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁၃၁၃)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ် လျက်ရှိကြောင်း သိရသည်။