နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌စကားပုံဆက်ပြိုင်ပွဲပြုလုပ်

နမ့်ဆန် စက်တင်ဘာလ ၂၀

ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ကျောင်းသား၊ကျောင်းသူ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းက ကျောင်းသား၊ ကျောင်းသူများများအနေဖြင့် ကျောင်းစာအပြင်ဗဟုသုတရရှိစေရန်၊ ကလေးသူငယ်များဉာဏ်ရည်ထက်မြက်လာစေရန်၊ စာပေလေ့လာဖတ်ရှုမှုနှင့်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်ကို ရင်းနှီးပြီး အသုံးချတတ်စေရန်၊ စသည့်ရည်ရွယ်ချက်များကိုပြောပြပြီး အခြေခံပညာအလယ်တန်းကျောင်းခွဲ အလက(၁)ကျောင်း မှကျောင်းသား၊ကျောင်းသူ  (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်နိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)