သာပေါင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အသိပညာပေး ဟောပြောပွဲ ကျင်းပကြသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဝင်းနိုင်ဦးမှ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင် စီးနင်းရန်၊ နှစ်ဦးထက်ပို၍ စီးနင်းခြင်း မပြုရန်၊ သတ်မှတ်မိုင်နှုန်း အတိုင်း မောင်းနှင်ရေး၊ ပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်း များ၊ လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနိုင်ဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေး ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့သည်။
မျိုးဇော်သိန်း