နတ်မောက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိမှုနှုန်း မြင့်တက်လာမှုကြောင့် ကာကွယ်ထိန်းချုပ်မှုကို အချိတ်ဆက်မိမိ ဆောင်ရွက်ကြရန်၊ တစ်ပတ်တစ်ကြိမ် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည် နှိုးဆော်ရန်၊ လူစည်ကားရာနေရာများဖြစ်သည့် မြို့မစျေး၊ အခြေခံပညာကျောင်းများ၊ စားသောက်ဆိုင်များတွင် ကိုဗစ်စည်းကမ်းနှင့်အညီ သွားလာနေထိုင်ကြရန်၊ Mask Campaign လှုပ်ရှားဆောင်ရွက်မှုကို ဌာနဆိုင်ရာများ ပူးပေါင်း၍ အပတ်စဉ်ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်စင်တာများတွင် ရေမီး< မိလ္လာများ ကြိုတင် ဆောင်ရွက်ထားရန်၊ မြို့နယ်ပြည်သူ့ဆေးရုံမှ RDT ဖြင့် လာရောက်စစ်ဆေးသူများ စာရင်းပြုစုပေးပို့ စေလိုကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ဘုန်းတော်ကြီးကျောင်းများ၊ မြို့ပေါ်အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ နှာခေါင်းစည်း (Mask) များအား အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာ ကဏ္ဍအလိုက်တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
မူမူစန်း