သင်္ဃန်းကျွန်းမြို့နယ်တွင် Booster (Sinovac)၊ Sinopharn၊ Covaxin၊ Sinovac ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေး

သင်္ဃန်းကျွန်း စက်တင်ဘာ ၂၀

သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ရက်နေ့ (၁၀:၀၀) နာရီတွင် မင်းဒင်လမ်းရှိ၊ ပုညကာရီ ဓမ္မာရုံတွင် Sinopharm/Sinovac ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) အား ရာနှုန်းပြည့်ပြီးစီးရေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် Covishield ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လ ပြည့်ပြီး သူများအား Sinopharn  ကာကွယ်ဆေးများကို ရာနှုန်းပြည့် ပြီးစီးရေး အရှိန်အဟုန်မြှင့် ထိုးနှံပေး လျက်ရှိပြီး၊  ပထမအကြိမ် အသက် ၁၈နှစ်အထက်များအား (Covaxin)၊ အသက် ၁၅ နှစ်မှ ၁၈ နှစ်အထက် ကျောင်းပြင်ပကလေးများအား (Sinovac) ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ကြသူများအား လွယ်ကူချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးမှူး၊ ရပ်မိရပ်ဖများ၊ ပရဟိတအဖွဲ့များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးခြင်း၊ ခြောက်ပေအကွာမှာ စောင့်ဆိုင်းစေခြင်း၊ ကိုဗစ်ဆေးထိုးနှံပြီးပါက စောင့်ကြည့်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)