ကန်ကြီးထောင့်မြို့နယ်၊ကျိုက်လတ်ကျေးရွာ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကွင်းဆင်းဆောင်ရွတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျိုက်လတ်ကျေးရွာ၊ ရွှေကျီးရုပ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြ သည်။