သိန္နီမြို့တွင် စာဖတ်ရှိန်မြင့်မားရေးအတွက်  Mobile စနစ်ဖြင့် စာအုပ်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပြည်သူများ စာပေဗဟုသုတ ကြွယ်ဝစေရေး၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးပြုစေရေး၊ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီး ကျွမ်းဝင်မှုရှိစေရေးတို့အတွက် ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့၊ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြင့်မာရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြ ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီမှ လုပ်ငန်းလိုင်စင်လျှောက်ထားမည့် ကာရာအိုကေဆိုင်အား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဘက်ရဲမြို့တွင် ကာရာအိုကေဆိုင် ဖွင့်လှစ်နိုင်ရန် လုပ်ငန်းလိုင်စင်လျှောက်ထားသော ရွှေမင်းသားစားသောက်ဆိုင်အား ယမန်နေ့ညနေပိုင်းက ဗီဒီယိုလုပ်ငန်း စီစစ်ကြီးကြပ်ရေး ကော်မတီဝင်များမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေစကားဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသားလူငယ်များ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အပြန်အလှန် ဆွေးနွေးတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာပေစကားဝိုင်းကို မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်  ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင် အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင်-ကြံခင်းကားလမ်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးစီးဌာနမှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၃၅)ကျောင်းအား ထောက်ပံ့ကြေးပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လပွတ္တာခရိုင် အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၃၅)ကျောင်းအား ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က လူငယ့်အားမာန် သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ ရေယာဉ်လိုင်စင်များ ရေယာဉ်နှင့်အတူ ပါရှိမှု ရှိ/ မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ၂-လမ်း ကမ်းနားဆိပ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရေယာဉ် လိုင်စင်များရေယာဉ်နှင့်အတူ ပါရှိမှု ရှိ/မရှိစစ်ဆေးခဲ့ကြသည်။

မင်းလှမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံးပေါ် သစ်ပင်ပြိုလဲကျမှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ မြို့မရပ်ကွက်၊ ပြည်တော်သာလမ်း၌ ယနေ့နံနက်ပိုင်း က မိုးရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံးပေါ်ကို သစ်ပင်ပြိုလဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား လိုက်နာခြင်းရှိ/မရှိ ထိထိရောက်ရောက် စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများအား လိုက်နာခြင်း ရှိ/ မရှိ နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား လိုက်နာခြင်း ရှိ/ မရှိ ကို ယနေ့ နံနက် (၇)နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ထိထိရောက်ရောက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်တွင်းရှိ ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊တိုက်ကျွေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန် က ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to