ဒဂုံမြောက် စက်တင်ဘာ ၂၀
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်တွင် အမှတ်(၄၀)ရပ်ကွက်၊ ဦးဘချိုလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ပစ္စည်းများ ရောင်းချနေမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့များ၊ ဖွဲ့စည်းထားသော ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်ကျပ် (၁၇၀၀) နှုန်း၊ ဆီငါးဆယ်သား တစ်ပုလင်းလျှင် (၂၃၇၅)ကျပ်နှုန်း၊ ကြက်ဥငါးလုံး (၈၇၅)ကျပ်နှုန်းတို့ဖြင့် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၁၈၀)အား ရောင်းချပေးခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၂၇)ခုအား အလှည့်ကျ ရောင်းချပေးလျက်ရှိပြီး မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ