အောင်လံမြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အောင်လံ စက်တင်ဘာလ ၂၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများ များပြားလာသဖြင့် မိမိတို့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနည်းပါးအောင် ကြိုတင်ကာကွယ်ရေးဆောင်ရွက်မည့် အကြောင်းအရာများကိုရှင်း လင်းဆွေးနွေးကာ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အုန်းက လူအများစုဝေးနေထိုင်ရာနေရာ (Institution) များတွင် နေထိုင်သူများ လိုက်နာဆောင်ရွက်ရမည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်း (Version 2.0) အား ရှင်းလင်းဆွေးကာ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်မည့် အကြောင်းအရာများအား ဆွေးနွေးပြောကြား၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ မျိုးလွင်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိသည့် အကြောင်းအရားများအား အသေးစိတ် ရှင်းလင်းပြောပြီး တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)