လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးစီးဌာနမှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၃၅)ကျောင်းအား ထောက်ပံ့ကြေးပေးအပ်

လပွတ္တာ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လပွတ္တာခရိုင် အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၃၅)ကျောင်းအား ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က လူငယ့်အားမာန်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ကြေးငွေပေးအပ်ခြင်း အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ဇွဲသူဟိန်းက အမှာစကားပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဖြိုးကျော်က ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးအပ်သည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုပြီးသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တစ်ကျောင်းလျှင် တာဝန်ခံ ဆရာမတစ်ဦး တစ်လငါးသောင်းနှုန်းဖြင့် တစ်နှစ်ကျပ် သုံးသိန်းခြောက်သောင်း၊ သင်ထောက်ကူပစ္စည်းအတွက် ထောက်ပံ့ကြေးငွေ ကျပ်တစ်သိန်း၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ်ဆယ်သိန်းခြောက်သောင်းစီကို လပွတ္တာခရိုင်အတွင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း (၃၅)ကျောင်းလုံးအတွက် ၃၇.၁ သန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(၁) ဒုတိယဗိုလ်မှူးကြီး ဇွဲသူဟိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများက တာဝန်ရှိသူများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

လပွတ္တာ ခရိုင်(ပြန်/ဆက်)