ကြံခင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဘက်ရဲမြို့တွင် ကာရာအိုကေဆိုင် ဖွင့်လှစ်နိုင်ရန် လုပ်ငန်းလိုင်စင်လျှောက်ထားသော ရွှေမင်းသားစားသောက်ဆိုင်အား ယမန်နေ့ညနေပိုင်းက ဗီဒီယိုလုပ်ငန်း စီစစ်ကြီးကြပ်ရေး ကော်မတီဝင်များမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြိုနယ်ဗီဒီယိုစီစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်နှင့် ကော်မတီဝင်များက ဗီဒီယိုအခြေခံအဖွဲ့မှ ချမှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်(၁၉)ချက်အား သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရေးနှင့် မြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ ကာရာအိုကေဆိုင် ဖွင့်လှစ်ဆောင်ရွက်သွားနိုင်ရေး အတွက် သတ်မှတ်ထားသော အချက်(၅)ချက်နှင့် ညီ/မညီ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ကာရာအိုကေလိုင်စင်နှင့် ပတ်သက်ပြီး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ကြောင်း မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)