ဟိုင်းကြီးကျွန်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများအား လိုက်နာခြင်း ရှိ/ မရှိ နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား လိုက်နာခြင်း ရှိ/ မရှိ ကို ယနေ့ နံနက် (၇)နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ထိထိရောက်ရောက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြို့အဆင့် ဌာနဆိုင်ရာများသည် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများ လိုက်နာခြင်းမရှိသော မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား ထိထိရောက်ရောက် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့ နောက်တစ်ကြိမ် ထပ်မံကျူးလွန်ပါက ပိုမိုပြင်းထန်သော အရေးယူခြင်းများအား ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)