မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင် အခမ်းအနားကျင်းပ

မြန်အောင် စက်တင်ဘာ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင်-ကြံခင်းကားလမ်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ဆိုင်းဘုတ်အား ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါတ်တာ မိုးမိုးခိုင်၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်နှင့် ဟင်္သာတခရိုင်ဦးစီးမှူး ဒေါက်တာအောင်သူမျိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ခရိုင်ဦးစီးမှူး ရုံးဆိုင်းဘုတ်ကို အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

အဆိုပါ မြန်အောင်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟင်္သာတခရိုင် ဦးစီးမှူး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ ဦးစီးမှူးများ၊ မြန်အောင်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)