ကျိုက်လတ် စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ၂-လမ်း ကမ်းနားဆိပ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရေယာဉ် လိုင်စင်များရေယာဉ်နှင့်အတူ ပါရှိမှု ရှိ/မရှိစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ကျိုက်လတ်မြို့နယ်အတွင်း မြစ်ကြောင်းတစ်လျှောက် စက်တပ်ရေယာဉ်များ မောင်းနှင်ရာတွင် စနစ်တကျမောင်းနှင်စေရေး၊ ရေယာဉ်လိုင်စင်များ ရေယာဉ်နှင့်အတူ ပါရှိစေရေးနှင့် ရေယာဉ်မောင်းလိုင်စင်များ စစ်ဆေးခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ရေယာဥ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်