မတ္တရာမြို့နယ်၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပျောက်ဆုံးမှု လျော့နည်းစေရေး ယာယီဓာတ်အားလိုင်းပိတ်၍ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများလျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက်က မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူ များနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။