မင်းလှမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံးပေါ် သစ်ပင်ပြိုလဲကျမှု ဖြစ်ပွား

မင်းလှ စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ မြို့မရပ်ကွက်၊ ပြည်တော်သာလမ်း၌ ယနေ့နံနက်ပိုင်း က မိုးရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံးပေါ်ကို သစ်ပင်ပြိုလဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် ဦးကြည်ဝင်း၏ နေအိမ်ခြံစပ်မှ လုံးပတ်()ပေပတ်လည်ခန့်ရှိ ကုက္ကိုမှာ အမြစ်ပွ၍ ၎င်းနေအိမ် သစ်သားအိမ်ပေါ် ပြိုလဲကျခဲ့ကာ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး (၂၅၀၀၀၀/-) ကျပ်ခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆန်များ ပျက်ဆီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ သစ်ပင်ပြိုလဲကျမှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့်နေအိမ်မှ မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများထံ ယာယီနေထိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)