သိန္နီ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပြည်သူများ စာပေဗဟုသုတ ကြွယ်ဝစေရေး၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးပြုစေရေး၊ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီး ကျွမ်းဝင်မှုရှိစေရေးတို့အတွက် ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များအနက်မှ ကျန်းမာရေးစာအုပ်များ၊ အတုယူအားကျဖွယ်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတိစာအုပ်များ၊ စိတ်ဓါတ် ခွန်အားဖြည့်စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် အခြားဗဟုသုတ ဖြစ်ဖွယ်ရာစာအုပ်များကို ငှားရမ်းပေးခြင်းဖြစ်သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် စာပေဖတ်ရှုချင်သော်လည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ လာရောက်ငှားရမ်းရန် အခက်အခဲရှိသော စာပေဝါသနာရှင်များအတွက် အဆင်ပြေစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ အပတ်စဉ်သွားရောက်၍ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)