မော်လမြိုင်မြို့နယ် မောင်ငံရပ်ကွက်နှင့် ဘိုကုန်းရပ်ကွက်တွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုး‌ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်

မော်လမြိုင် စက်တင်ဘာ ၂၀

လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) က ကြီးကြပ် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယနေ့ နေ့လည်ပိုင်းတို့တွင် မော်လမြိုင်မြို့နယ်၊ မောင်ငံရပ်ကွက်နှင့်ဘိုကုန်းရပ်ကွက်များသို့ ကွင်းဆင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၁) က နယ်မြေတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ထွေအုပ်၊ ရဲ၊ လဝက၊ စိုက်ပျိုးရေး၊ ပြန်/ ဆက်၊ မြေစာရင်း၊ ဆည်မြောင်း၊ မွေးကု၊ ပညာရေး၊ ကျန်းမာရေး၊ မီးသတ်၊ စီမံကိန်း၊ ကျေးလက်လမ်း၊ ကျေး/ဖွံ့၊ လျှပ်စစ်၊  တို့ပါဝင်သော ဌာနဆိုင်ရာများဖြင့် ကွင်းဆင်း၍ ကိုဗစ်ကာကွယ် ဆေးထိုးနှံခြင်း၊ ဆေးကုသပေးခြင်း၊ မွေးတိုးကိစ္စရပ် များနှင့်မှတ်ပုံတင်ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ တိရိစ္ဆာန်များ ဆေးကုသခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း၊ စိုက်ပျိုးရေးအတွက် အထွက်တိုးရေးပညာပေးခြင်း၊ မီးဘေးနှင့်လျှပ်စစ်ဘေးအန္တာရယ်ကင်းဝေးရေး အသိပညာပေးခြင်း၊ သက်ဆိုင်ရာဌာန/ သက်ဆိုင်ရာစစ်ကြောင်းအလိုက် ပြည်သူတို့၏ တင်ပြချက်လိုအပ်ချက်များအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်းကို သက်ဆိုင်ရာဌာနများက ရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေး‌နွေးမှုများကိုတက် ရောက်လာသည့် ရပ်ကွက်နေ ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ သည်။

ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ် ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ရပ်ကွက် နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)