ညောင်ဦး စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းတိုက်နယ်တောဇွန်တဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က ဝေမျှခြင်းပရဟိတ (ရန်ကုန်) မှ သောက်သုံးရေ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစု (ရန်ကုန်) မှ တောဇွန်တဲတိုက်သို့ သောက်သုံးရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း၊ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလှူဒါန်းခြင်းများအား မေလကုန်နှင့် ဇွန်လလယ်တို့တွင် သောက်သုံးရေလှူဒါန်းမှုအား ရပ်နားလေ့ရှိသော်လည်း ယခုနှစ်စက်တင်ဘာလ ဒုတိယပတ်ထိ မိုးရွာသွန်းမှု နည်းပါးပြီး ကျေးရွာများ မှီခိုအားထားနေသည့် မြေသားရေလှောင်ကန်များအတွင်း ရေဝင် ရောက်မှုမရှိသေးခြင်းများကြောင့် ဝေမျှခြင်းပရဟိတ (ရန်ကုန်) အသင်းမှ ဆက်လက်သောက်သုံးရေများ ဆက်လက်လှူဒါန်းပေးနေခြင်း ဖြစ်ကြောင်းသိရသည်။
ကိုကြေးမုံ