ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀) နာရီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရေးသည် တစ်ဦးတစ်ယောက်ကောင်းဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း၊ စက်ရုံများ၊ မော်တော်ယာဉ်များများ၊ တောမီးလောင်ခြင်းများမှ ထွက်ရှိသောမီးခိုငွေ့များ၊ ရေဆိုးများနှင့်လူတို့၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများဖြစ်ပေါ်လာသဖြင့်  ကျောင်းသား/သူများ၊ ပြည်သူ များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြေင်းနှင့် စိမ်းလန်းစိုပြေသာယာလှသည့် ကမ္ဘာကြီးဖြစ်ရေး မိမိကိုယ်တိုင်ကစပြီး မိမိပတ်ဝန်ကျင်နေရာများကို သန့်ရှင်းသပ်ရပ်စွာ နေထိုင်သွား ကြစေလိုကြောင်း အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လေထုညစ်ညမ်းမှုများ၊ သစ်တောပြုန်းတီးမှုများ၊ တောမီးလောင်ခြင်းများကြောင့် သဘာဝပတ်ဝန်ကျင်ထိခိုက်များ ဖြစ်လာပေါ်လာပြီး လူသားတို့၏ ကျန်းမာရေး များ ထိခိုက်ခြင်း၊ အပင်နှင့်တိရိစ္ဆာန်များ၏ အသက်ရှင်နေထိုင်မှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်ခြင်း၊ ရာသီဥတု ပြောင်းလဲလာခြင်းကြောင့် ကျောင်းသား/သူများအနေဖြင့် စည်းကမ်းပြည့်ဝသည့် စံပြ လူငယ်များ ဖြစ်အောင်နေထိုင်သွားကြပြီး ပြည်သူများနှင့်အတူ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားကြစေရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)