အိမ်မဲ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် (၆) နာရီတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း ၁၆၀၀ ကျော်ရှိကြောင်းမြို့နယ်မြန်မာ့ စီးပွားရေးဘဏ်မှ သိရသည်။
"အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပါတယ်။ ပင်စင်လစာငွေများကို လစဉ် (၂၁) ရက်နေ့ကနေ လကုန်ရက်အထိ နံနက် ၆ နာရီကနေ ညနေပိုင်းအထိ ထုတ်ပေးပါ တယ်။ ယနေ့ နံနက် ၁၀ နာရီအချိန်ထိ အငြိမ်းစားဝန်ထမ်း (၅၀)ဦးလောက် ပင်စင်လစာ ထုတ်ပေးပြီးပါပြီလို့ "အိမ်မဲမြို့နယ် မြန်မာ့ စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်စန်းစန်းကြိုင် ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)