ညောင်ဦးမြို့လမ်းသွားလမ်းလာများနှင် ဈေးများအတွင်း နှာခေါင်းစည်းလူတိုင်းတပ်ဆင်နိုင်ရေး Mask ခုရေ ၄၀၀၀ ဖြန့်ဝေ

ညောင်ဦး  စက်တင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ အမှတ် (၇) ဝက်ကြီးအင်းရပ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး နှာခေါင်းစီးခုရေ ၄၀၀၀ ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခြင်းအား ယနေ့နံနက် ၉ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Mask Campaign ပြုလုပ်ဖြန့်ဝေခြင်းအား ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်နှင့် စီမံအဖွဲ့ဝင်များ ဦးဆောင်ကာ မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ညောင်ဦးမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့နှင့် လေယာဉ်ကွင်းလမ်းဆုံ၊ ပုဂံမြို့ရွှေတွင်းရပ်၊ မဏိစည်သူနှင့် ဘုန်းစဉ်အခွန်လွတ်ဈေးသို့ လာရောက်သည့် ဈေးရောင်းဈေးဝယ်များ၊ လမ်းသွားလမ်းလာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးလူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန် Mask Campaign ပြုလုပ်ရင်း Mask များ ဝေငှရာနှာခေါင်းစည်း အခုရေ ၄၀၀၀ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကိုကြေးမုံ