ပျော်ဘွယ်မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် ချိုသာသောစျေးနှုန်းဖြင့် စားသုံးဆီများ ရောင်းပေးလျက်ရှိ

ပျော်ဘွယ် စက်တင်ဘာ ၂၁

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်များအသင်းနှင့် မြို့နယ်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ အခြေခံလူတန်းစားများအား ချိုသာသောစျေးနှုန်းဖြင့် စာသုံးဆီရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ပေါ်အင်းကျေးရွာတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားသုံးဆီများကို အခြေခံလူတန်းစားများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးလျက်ရှိရာ တစ်ပိဿာလျှင်(၅၂၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁)စုလျှင် (၅၀)ကျပ်သားနှုန်းရောင်းချပေးခဲ့ပြီး စုစုပေါင်း(၅၅၀)ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။

မြို့နယ်ကုန်သည်ကြီးများအသင်းနှင့် စားသုံဆီလုပ်ငန်းရှင်များပူးပေါင်း၍ သတ်မှတ်ရက်များအလိုက် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင်လည်း အခြေခံလူတန်းစားများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ရန် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုန်သည်ကြီးများအသင်း ထံမှသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)