ပေါင်းတည်မြို့တွင် ရွှေတည်(၂)ကွက်သစ်နှင့်ဆက်သွယ်သော ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

ပေါင်းတည် စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ပေါင်းတည်မြို့မှ ရွှေတည်(၂)ကွက်သစ်သို့ ဆက်သွယ်ဖောက်လုပ်ထားသော ပန်းခြံလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ ဇွန်လကုန်မှစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းသည် အလျား ၁၂၅၅ ပေ၊ အကျယ် ၁၂ ပေနှင့် အမြင့် ၈ လက်မရှိကာ ခွင့်ပြုငွေကျပ် ၆၂.၄ သန်းဖြင့် XCH Construction ကုမ္ပဏီလီမိတက်မှ သတ်မှတ်ကာလအတွင်းပြီးစီးရေး တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလမ်းသည် ရန်ကုန်ပြည်လမ်းရှိပန်းခြံဘေးမှ ဖောက်လုပ်ထားကာ မြို့ရှောင်လမ်းအဖြစ်အသုံးပြုသော နန်းဦးကွန်ကရစ်လမ်းနှင့် ချိတ်ဆက်ဆက်သွယ်ထားကြောင်း သိရသည်။

ပန်းခြံလမ်းကွန်ကရစ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ရွှေတည်(၂)ကွက်သစ်တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ရန်ကုန်-ပြည်ကားလမ်းမပေါ်သို့ အချိန်တိုအတွင်း လွယ်ကူချောမွေ့စွာသွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)