ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုကိုးကျွန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဒုတိယအကြိမ်မြောက် အခြေခံခဲပန်းချီသင်တန်း ဖွင့်လှစ်

ကိုကိုးကျွန်း စက်တင်ဘာ ၂၁ 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀:၀၀ နာရီအချိန် က ဒုတိယအကြိမ်မြောက် အခြေခံခဲပန်းချီဆွဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ သင်တန်းသား သင်တန်းသူများအား၊ ယခုဖွင့်လှစ်သည့် သင်တန်းသည် ဒုတိယ အကြိမ် ဖွင့်လှစ်သည့်သင်တန်းဖြစ်ကြောင်း သင်တန်းတက်ရောက်လာသော သင်တန်းသားများအနေဖြင့် ပထမအကြိမ် ဖွင့်လှစ်ခဲ့သော သင်တန်းထက် ပိုမိုကြိုးစား၍ သင်ယူစေလိုကြောင်း စိတ်ပါဝင်းစားစွာဖြင့် သင်တန်းကိုတက်ရောက်လာသည့် သင်တန်းသားများအား အထူးဂုဏ်ယူမိကြောင်းနှင့် မိမိတို့ဌာနအနေဖြင့် ယခုလိုသင်တန်းသာမက ပုံပြောပြိုင်ပွဲ ကဗျာရွတ်ပြိုင်ပွဲ ကျပန်းစကားပြောပြိုင်ပွဲများ အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲကိုလည်း၊ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်ရှိကြောင်း သင်တန်းတက်ရောက်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း ထိုက်တန်သည့်ဆုများ ပေးအပ်မှာဖြစ်သဖြင့် ကြိုးစားကြ စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးမောင်မောင်ကျော်မှ ပြောကြားရာတွင် ဆရာအနေဖြင့် ကိုကိုးကျွန်းမြို့နယ်ရှိ ကျောင်းသူ ကျောင်းသားများကို ယခုလို အခြေခံ ခဲပန်းချီသင်တန်းကို သင်ကြားပေးရသည့်အတွက် အထူးပင်ဝမ်းသာပါကြောင်း ကိုကိုးကျွန်းမြို့နယ်ရှိ ကလေးသူငယ်များသည် အခြားမြို့များရှိသူများနှင့် ယှဉ်လျှင်၊ ဗဟုသုတနည်းပါးတာကို တွေ့ရသည့်အတွက် မိမိအနေဖြင့် အခြေခံခဲပန်းချီသင်တန်းကို သင်ကြားပေးရန် တာဝန်ရှိသူများနှင့် တိုင်ပင်၍စီစဉ်ခဲ့ကြောင်း ယခုဆိုလျှင် ဒုတိယအကြိမ် ဖွင့်နိုင်ခဲ့ပြီဖြစ်ကြောင်း မိမိတတ်မြောက်ထားသည့် ပန်းချီပညာအား ဆရာစားမချန် သင်ကြားပေးမည်ဖြစ်ပါသောကြောင့် တတ်မြောက်အောင်၊ သင်ယူစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ၂၀--၂၀၂၂ ရက်နေ့မှ ၂၆--၂၀၂၂ ရက်နေ့ အထိ ()ရက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်သူ ၂၀ ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)