ခရမ်းမြို့(အ - ထ- က ၂) (မြိုမ) ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ခရမ်း    စက်တင်ဘာ  ၂၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီ က ( -   -က  -) (မြို့မ) ကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်လေးနွယ် က လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီးနောက်ပြီးနောက်.   ( - -က  () ကျောင်းအုပ်ဆရာမကြီး  ဒေါ်ဆွေဆွေမိုးအား  အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်ရေးရာဟောပြောပွဲသို့ - - က ()ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမိုးနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့်  တတ်ရောက်သူများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ က အားကစားဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။

ခရမ်း (ပြန်/ဆက်)