မိုင်းဆတ်မြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအား အထူးလျှော့ရက် ခံစားခွင့်ပြုနိုင်ရန် သွားရောက်စစ်ဆေး

မိုင်းဆတ် စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအား အထူးလျှော့ရက် ခံစားခွင့်ပြုနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ယနေ့ နံနက်(၁၀)နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/သူများအား မိမိတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ပြစ်ဒဏ်ကျခံနေရစဉ် အကျဉ်းဦးစီးဌာနမှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရေး၊ ကျန်းမာရေးဂရုစိုက်နေထိုင်ရေး ပြစ်ဒဏ်ကျခံနေစဉ်အတွင်း တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက်ပြီး စည်းလုံးညီညွတ်စွာ နေထိုင်ရေးတို့ကို မှာကြားခဲ့သည်။

အဆိုပါ စစ်ဆေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့က မိုင်းဆတ်မြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအနက် အကျဉ်းဦးစီးဌာန၏  စည်းကမ်းချက်များနှင့်အညီ လိုက်နာ နေထိုင်သူကအဆင့် (၆၁)ဦး၊အဆင့် (၁၂)ဦး၊အဆင့် ()ဦး စုစုပေါင်း အကျဉ်းသား/သူ (၈၂) ဦးတို့အား အထူးလျှော့ရက် ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)